စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုလျင်မြန်ချော့မွေ့စေရန်နှင့် ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်နို်င်ရန်အလို့ငှာ ပို့ကုန်သွင်းကုန်လိုင်စင်များအား စျေးနှုန်းစိစစ်ခြင်းမပြုတော့ဘဲ
ကုမ္ပဏီများမှ စျေးနှုန်းနှင့် ကုန်ပစ္စည်းတန်ဖိုးမှန်ကန်ကြောင်း ဝန်ခံကတိဖြင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ တင်ပြလာသည့် Invoice နှင့် Sale Contract ပါ စျေးနှုန်းနှင့် တန်ဖိုးများအတိုင်းသာ ပို့ကုန်သွင်းကုန်လိုင်စင်များ ခွင့်ပြုပေးပြီးဖြစ်ပါသည်။ ကုမ္ပဏီများအနေဖြင့် Invoice နှင့် Sale Contract တို့အား အတုအပပြုလုပ်ခြင်း၊ Invoice နှင့် Sale Contract ပါအချက်အလက်များအား မမှန်မကန်ဖော်ပြခြင်း၊ တရားမဝင်ဆောင်ရွက်ခြင်း၊ Invoice နှင့် Sale Contract ပါစျေးနှုန်းနှင့် တန်ဖိုးများအား အခွန်ရှောင်တိမ်းရန်ရည်ရွယ်၍ မမှန်မကန်ဆောင်ရွက်ထားကြောင်း စိစစ်တွေ့ရှိရပါက လိုင်စင်ခွင့်ပြုမှုအတွက် တင်ပို့တင်သွင်းခဲ့သည့် စျေးနှုန်းများအား ပြန်လည်စိစစ်မည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။




