(၂၇-၁၂-၂၀၁၆) ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးတွင်း ကျင်းပပြုလုပ်သော သစ်နှင့် သစ်တောထွက်ပစ္စည်းကဏ္ဍပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်ရေးကော်မတီအစည်းအဝေးသို့ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုးဝင်းဦးစီး၍ ပုဂ္ဂလိကကဏ္ဍမှ အဖွဲ့ဝင် (၄)ဦးတက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ပို့ကုန်မဟာဗျူဟာအကောင်အထည်ဖော်ရေးကော်မတီ၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းတိုးတက်မှုများ၊ ဆောင်ရွက်ရန် ကျန်ရှိနေသည့်လုပ်ငန်းများနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းသတင်းရရှိပါသည်။





