သစ်တောထွက်ပစ္စည်းကဏ္ဍအသီးသီးမှ ထုတ်ကုန်များ မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပမည့် မြန်မာ့သစ်တောထွက်ပစ္စည်းပြပွဲ ၂၀၁၈ MYANMAR FOREST PRODUCTS EXHIBITION-2018(MFPE-2018) ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်မှ ၂၄ ရက်ထိ (၃)ရက်တိုင်တိုင် ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ တပ်မတော်ခန်းမတွင် စည်ကားကျင်းပမည်ဖြစ်ကြောင်းနှင့် မည်သူမဆိုလာရောက်လေ့လာဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။





