အာဆီသစ်တောထွက်ပစ္စည်း စက်မှုလုပ်ငန်းအသင်း ASEAN Forest Products Industry Council (AFPIC)က ဦးစီး၍ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၃၀-၃၁ ရက်နေ့ထိ ကျင်းပပြုလုပ်မည့် The Regional Workshop on Developing Voluntary Code of Conduct on Imports for Forest & Timber Companies in ASEAN သို့ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်း တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။





