မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် The World Bankအဖွဲ့မှတာဝန်ရှိပုဂ္ဂိုလ်များနှင့် (၁၆-၅-၂၀၁၉)ရက်နေ့ နံနက်ဝ၈း၃၀အချိန်တွင် MFPTMA အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ အောက်ဖော်ပြပါအချက်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြောင်သတင်းရရှိခဲ့ပါသည်-
(က) မြန်မာနိုင်ငံ၏သစ်တောထွက်ပစ္စည်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း (Community Forest)များအား The World Bank မှ(၁)နှစ်လျှင်အတိုးနှုန်း၂%ဖြင့် ဒေါ်လာသန်း၂၀၀ထုတ်ချေးပေးနိုင်ရေးကိစ္စ။
(ခ) အခြားလုပ်ငန်းများကိုလည်း ပြည်သူများကိုအကျိုးပြုပါက ထုတ်ချေးပေးနိုင်ရေးကိစ္စ။
(ဂ)ပြည်တွင်းအဖွဲ့စည်းများ၊ လုပ်ငန်းရှင်ကုမ္ပဏီများနှင့်ပူးပေါင်းကာ သစ်တောစိုက်ခင်းစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းများပူးပေါင်းဆောင်ရွက်သွားရန်ကိစ္စ။

(ဃ)မြန်မာနိုင်ငံ၏သစ်တောထွက်ပစ္စည်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ချက်တူလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကိစ္စ။




