အသင်းဝင်ကုမ္ပဏီများ၊ အသင်းဝင်ပုဂ္ဂိုလ်များ၊
မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း။
အကြောင်းအရာ။ ။ ဆက်သွယ်နိုင်မည့်လိပ်စာ၊ တယ်လီဖုန်းအမှတ်၊ Email များတောင်းခံခြင်းကိစ္စ။
လူကြီးမင်းများခင်ဗျာ-
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း၏ အသင်းသားစုံညီ(အထူး) အစည်းအဝေးအား အောက်ပါအတိုင်းပြုလုပ်ကျင်းပရန် သတ်မှတ်လျာထားပြီးဖြစ်ပါသည်-
(က) ကျင်းပမည့်နေ့ရက် – ၁၆-၁၂-၂၀၂၄ (တနင်္လာနေ့)
(ခ) ကျင်းပမည့်အချိန် – နံနက် (၉) နာရီမှ (၁၁း၃၀)နာရီ
(ဂ) ကျင်းပမည့်နေရာ – UMFCCI Tower ၊ မင်္ဂလာခန်းမ၊ အမှတ် (၂၉) မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
၂။ သို့ပါ၍ လူကြီးမင်းတို့ထံ EGM အတွက် ဖိတ်ကြားစာ၊ UMFCCI နှင့် ညှိနှိုင်း၍ ပြန်လည်ရေးဆွဲထားပြီးဖြစ်သော အသင်း၏ဖွဲ့စည်းပုံစည်းမျဉ်း (၂၀၂၄)မူကြမ်းနှင့် နှစ်ပတ်လည်အစီရင်ခံစာများပေးပို့နိုင်ရန် လက်ရှိဆက်သွယ်နိုင်မည့်လိပ်စာ၊ တယ်လီဖုန်းအမှတ်၊ Email များအား (၂၀၂၄)ခုနှစ်အထိ အကြုံးဝင်သောသက်တမ်းရှိအသင်းသားများနှင့် ကုမ္ပဏီများမှ အမြန်ဆုံးဆက်သွယ်ပြန်ကြားပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
၃။ သိရှိလိုသော အချက်အလက်များအား မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်းရုံးသို့ အောက်ပါတယ်လီဖုန်းအမှတ်များ၊ Emailများဖြင့် ဆက်သွယ်နိုင်ပါကြောင်းဖော်ပြအပ်ပါသည်-
(က) တယ်လီဖုန်းအမှတ် – 09-252322092၊ 09-254314709, 09-790954378, 09-250013944
(ခ) အသင်းရုံး email – mfpmf.5june2015@gmail.com
အလုပ်အမှုဆောင်အဖွဲ့၊
မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်း




