မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း၏ (၂၁)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးနှင့်အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလနောက်ဆုံးပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါအလုပ်အမှုဆောင်အသစ်ရွေးချယ်တင်မြှောက်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် အမှုဆောင်အသစ်ရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်မှုကော်မရှင်အဖွဲ့မှ အသိပေးနှိုးဆော်ချက်ထုတ်ပြန်ထားရှိကြောင်း သတင်းရရှိသည်။





