သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းသည် (၁၆-၆-၂၀၁၉)ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၃၆)ရပ်ကွက်၊ ပင်လုံလမ်း၊ အမှတ်(၆၇၃)ရှိ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်း၊ သစ်အခြေခံစက်မှုနည်းပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ မြန်မာ့သစ်လုပ်ငန်းနှင့် မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့တို့နှင့်တွေ့ဆုံခဲ့ပါသည်။ မြန်မာ့သစ်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘနှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်းအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းသမိုင်း၊ သင်တန်းကျောင်းဖွင့်လှစ်ခဲ့သည့် ရည်ရွယ်ချက်၊ ၂၀၀၅ခုနှစ်မှ လက်ရှိအချိန်အထိ ဖွင့်လှစ်ပို့ချခဲ့သည့် သင်တန်းအမျိုးအစားများနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခြင်း၊ သင်တန်းကျောင်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသတင်းရရှိပါသည်။





