ASEAN Furniture Industries Council (AFIC)အဖွဲ့သည် အာဆီယံနိုင်ငံများမှ (၈)နိုင်ငံအဖွဲ့ဝင်အဖြစ်ပါ၀င်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ ၄င်းအဖွဲ့တွင် မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်းသည် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ်ပါ၀င်ဆောင်ရွက်လျှက်ရှိပါသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၂-နှစ်တစ်ကြိမ် (AFIC) အလှည့်ကျ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် (၂-၁၁-၂၀၁၆)ရက်နေ့တွင် ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်တွင် AFIC အလှည့်ကျဥက္ကဋ္ဌတာဝန်အား မလေးရှားနိုင်ငံမှ လွှဲပြောင်းလက်ခံခဲ့ပြီး (၂)နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပါသည်။
တရုတ်နိုင်ငံ Guangdong မြို့တွင် (၆-၁၁-၂၀၁၈)ရက်နေ့မှ (၁၂-၁၁-၂၀၁၈)ရက်နေ့ထိ ကျငး်ပပြုလုပ်မည့် International Machinery & Material Fair ပြပွဲတွင် AFIC အလှည့်ကျဥက္ကဋ္ဌတာဝန်များအား မြန်မာနိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ AFIC အလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးအေးလွင်၊ အတွင်းရေးမှူးတာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် အလုပ်အမှုဆောင် ဦးရဲမင်းသူတို့ တက်ရောက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။





