ထိုင်းနို်င်ငံကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ကြီးမှူး၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် Style-2019ပြပွဲအား ၂၀၁၉ခုနှစ်၊ ဧပြီလ ၁၇ရက်နေ့မှ ၂၁ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ Style-2019 ပြပွဲတွင် ယခင်နှစ်များက ကျင်းပခဲ့ဖူးသည့် (1) Thailand International Furniture Fair(TIFF)2019, (2)Bangkok International Gift Fair & Bangkok International House ware Fair(BIG + BIHH)2019, (3)Bangkok International Fashion Fair & Bangkok International Leather Fair(BIFF + BIL) တို့ကိုပါ ပေါင်းစည်းပြသသွားမည်ဖြစ်ပါကြောင်းနှင့် ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ပါဝင်ပြသလိုသည့် လုပ်ငန်း/ကုမ္ပဏီနှင့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့် ပူးတွဲလျှောက်လွှာပုံစံကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ မြန်မာကုန်သွယ်မှု ဗဟိုဌာန ဖုန်း ၀၁-၂၅၄၀၂၄၊ Email-itpic.moc@gmail.com သို့ (၁၅-၂-၂၀၁၉)ရက်နေ့နောက်ဆုံးထား ပေးပို့နိုင်ပါကြောင်း သတင်းရရှိပါသည်။





