
မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်၏ ညီနောင်အသင်းများဖြစ်ကြသော မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များ အသင်းနှင့် သစ်အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်းတို့သည် နှစ်စဉ် တစ်နှစ်လျှင် နှစ်ကြိမ် Myanmar International Furniture Expo ပရိဘောဂပြပွဲကို စီစဉ်၊ ကျင်းပ ပြုလုပ်လျှက်ရှိပါသည်။ Myanmar International Furniture Expo – 2016 ( August) ပရိဘောဂပြပွဲကို ယခု လာမည့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ၊ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ တပ်မတော်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။
ပရိဘောဂပြပွဲတွင် ကုမ္ပဏီစုစုပေါင်း ( ၄၃ ) ခု ပါဝင်ပြသမည်ဖြစ်ပါသည်။ ၄င်းပြပွဲတွင် သစ်အခြေခံ ပရိဘောဂပစ္စည်းများ၊ ကြိမ်ဖြင့်ပြုလုပ်ထားသော လက်မှုထည်ပစ္စည်းနှင့် ပရိဘောဂများ၊ ၀ါးဖြင့်ပြုလုပ်ထား သော လက်မှုထည်ပစ္စည်းနှင့် ပရိဘောဂများ၊ ကြိမ်အစားထိုး HOPE ( Synthetic )ဖြင့် ပြုလုပ်ထားသော ပရိဘောဂပစ္စည်းများ၊ မြန်မာနိုင်ငံဝါးချစ်သူများကွန်ယက်မှ ပါဝင်ပြသမည့် ၀ါး လက်မှုထည်ပစ္စည်းများနှင့် မြန်မာ့လက်မှုအနုပညာအသင်းမှ ပါဝင်ပြသမည့် လက်မှုပစ္စည်းများကို တစုတဝေးတည်း ပါဝင်၊ ပြသ၊ ရောင်းချကြမည်ဖြစ်ပါသည်။
ပရိဘောဂပြပွဲအတွက်စိတ်ဝင်စားဖွယ် FM ကြော်ငြာ၊ သတင်းစာ ကြော်ငြာ၊ Face book ကြော်ငြာ၊ Directory Book ကြော်ငြာ ၊ 9’x 20’ billboard ကြော်ငြာ နှင့် Flyer ( လက်ကမ်းကြော်ငြာ ) အစရှိသည့် ကြော်ငြာများတွင် ထည့်သွင်းကြော်ငြာမည်ဖြစ်ပါသည်။ ပရိဘောဂပြပွဲတွင် ပါဝင်ပြသသောဆိုင်ခန်းများမှ အထူးဈေးလျှော့ပေးထားသောပစ္စည်းများ (Upto 50% Discount ) ကို Discount Corner တွင်ထည့်သွင်းရောင်းချ ပေးသွားမည်ဖြစ်ပါသည်။ ပရိဘောဂပြပွဲတွင် ပါဝင်နေကျ အစီအစဉ်တစ်ခုဖြစ်သော ဗလာမပါကံစမ်းမဲ (Lucky Draw ) အစီအစဉ်ကိုလည်း ထည့်သွင်း ပေးသွားမည်ဖြစ်ပါကြောင်း၊ စိတ်ဝင်စားသူများအနေဖြင့်
ဖုန်း – 09-5066617 / 09- 979838674 / 09-972642885 / 09-420061288 ကို ဆက်သွယ် စုံစမ်းနိုင်ပါကြောင်း သတင်းရရှိပါသည်။





