မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ ASEAN Furniture Industries Council နှင့် EU FLEGT Facility တို့ပူးပေါင်းပြီး Seminar and Conference ကျင်းပသွားမည်ဖြစ်

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ ASEAN Furniture Industries Council နှင့် EU FLEGT Facility တို့ပူးပေါင်းပြီး နေပြည်တော် တွင် Seminar on “ Bridging the Gap between the ASEAN Furniture Industries and European Market Requirements for Timber” နှင့် “33rd ASEAN Furniture Industries Council Working Committee Meeting & AFIC Conference 2016” အား(1-11-2016)နေ့ မှ (4-11-2016) နေ့ထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။ (2-11-2016)ပထမရက်တွင် ကို ဆွေးနွေးမည်ဖြစ်ပါတယ်။ (3-11-2016) ဒုတိယရက်တွင် “33rd ASEAN Furniture Industries Council Working Committee Meeting & AFIC Conference 2016” ပြုလုပ်ပြီး ဥက္ကဋ္ဌတာဝန်အား မြန်မာနိုင်ငံကို လွှဲပြောင်းသွားမည်ဖြစ်ပါတယ်။

မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်(MFPMF) အနေဖြင့် အလှည့်ကျ ဥက္ကဋ္ဌတာဝန်အား 2016-2017 ဘဏ္ဍာရေးနှစ်တွင် တာဝန်ထမ်းဆောင်မည်ဖြစ်ရာ ဥက္ကဋ္ဌတာဝန်လွှဲပြောင်း လက်ခံမှုအား မြန်မာနိုင်ငံ နေပြည်တော် (1-11-2016 မှ 4-11-2016) ရက်နေ့တွင် ကျင်းပပြုလုပ်သော အပြီးတွင် တာဝန်လွဲပြောင်းပေးအပ်သွားမည်ဖြစ်ပါသည်။ ASEAN Furniture Industries Council(AFIC) သည်အရှေ့တောင်အာရှနိုင်ငံများဖြစ်သော အင်ဒိုနီးရှား(ASMINDO)၊ လာအို(LFA)၊ မလေးရှား(MFC)၊ မြန်မာ(MFPMF)၊ ဖိလစ်ပိုင်(CFIP)၊ စင်္ကာပူ(SFIC)၊ ထိုင်း(TFIC) နှင့် ဗီယက်နမ်(HAWA) စသည့် အဖွဲ့ဝင် ရှစ်နိုင်ငံဖြစ်တည်ဆောက်ထားသည်။ ဥက္ကဋ္ဌတာဝန်ကို အင်္ဂလိပ် အက္ခရာအစဉ်လိုက် နှစ်နှစ်တစ်ကြိမ် အလှည့်ကျ ထမ်းဆောင်ရာ လက်ရှိတွင် မလေးရှား(MFC) အသင်းမှ AFIC ဥက္ကဋ္ဌတာဝန်အဖြစ် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပရိဘောဂအသင်း သီးခြားမရှိသေးသဖြင့် MFPMF မှ ဦးဆောင်ပြီး ဥက္ကဋ္ဌတာဝန် ထမ်းဆောင်မည် ဖြစ်ပါသည်။ MFPMF သည် 2005 ခုနှစ်မှစ၍  AFIC ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့သည်။

Comments are closed.