မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်း ဦးစီးသည့် အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူလုပ်ငန်းရှင်များသည် ဗေဒါ၊ ကြာ၊ ရာဘာရေးရာစီမံကိန်းအကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးအား ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် MFPMF အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ အဆိုပါညှိနှိုင်းအစည်းအဝေးတွင် အောက်ဖော်ပြပါဆုံးဖြတ်ချက် (၆) ရပ်သဘောတူဆုံးဖြတ်ခဲ့ကြောင်းနှင့် အခြေခံဗေဒါကုန်ကြမ်းစုဆောင်းခြင်းနှင့် အခြောက်ခံခြင်း သင်တန်းအား (၁၁-၁၂-၂၀၁၆)ရက်နေ့မှ (၂၉-၁၂-၂၀၁၆) ရက်နေ့အထိ မြောက်ဒဂုံသစ်အခြေခံစက်မှုဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည် –
(က) ဗေဒါကြာရာဘာကဏ္ဍဖွံ့ဖြိုးရေးကော်မတီအား အောက်ပါအတိုင်းဖွဲ့စည်းခဲ့ပါသည် –
၁။ ဒေါက်တာစိန်ဝင်း = အဖွဲ့ခေါင်းဆောင်
၂။ ဦးကျော်သူ = အဖွဲ့အတွင်းရေးမှူး
၃။ ဦးသိန်းဝင်း = အဖွဲ့ဝင်
၎။ ဦးတင်ဦး = အဖွဲ့ဝင်
၅။ ဦးသိန်းထိုက်ဦး = အဖွဲ့ဝင်
၆။ ဦးစိုးဝင်း = အဖွဲ့ဝင်
၇။ ဦးစောကျော်ကျော် = အဖွဲ့ဝင်
၈။ ဦးသိန်းချီ = အဖွဲ့ဝင်
၉။ ဦးဥာဏ်ဝင်း = = အဖွဲ့ဝင်
၁၀။ ဦးနေလင်းအောင် = အဖွဲ့ဝင်
၁၁။ ဦးဖြိုးအောင်ဇင် = အဖွဲ့ဝင်
(ခ) ဗေဒါကြာရာဘာကဏ္ဍ ဖွံ့ဖြိုးရေးကော်မတီ အစည်းအဝေးကို တစ်ပတ်တစ်ကြိမ် မြောက်ဒဂုံသစ်အခြေခံဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စနေ (သို့)တနင်္လာနေ့တိုင်း နံနက် (၈း၀၀)နာရီတွင် ကျးပပြုလုပ်သွားရန်။
(ဂ) ဗေဒါကြာရာဘာကဏ္ဍဖွံ့ဖြိုးရေး၊ ဈေးကွက်နှင့် နည်းပညာရရှိရေးအတွက် တရုတ်နိုင်ငံ၊ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ အဖွဲ့ဝင် (၄)ဦးခန့် မိမိစရိတ်ဖြင့် စေလွှတ်သွားရောက်လေ့လာသွားရန်။
(ဃ) အခြေခံဗေဒါကုန်ကြမ်းစုဆောင်းခြင်းနှင့် အခြောက်ခံခြင်းသင်တန်းအား (၁၁-၁၂-၂၀၁၆) ရက်နေ့မှ စတင်၍ ၂၉-၁၂-၂၀၁၆ ရက်နေ့အထိ မြောက်ဒဂုံသစ်အခြေခံ စက်မှုဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ဖွင့်လှစ်သွားရန်။
(င) သင်တန်းအတွက် ပြည်တွင်းသင်တန်းနည်းပြ (၂)ဦးအား ဒီဇင်ဘာလ (၁)ရက်နေ့မှ စတင်ခန့်အပ်ရန်။
(စ) သင်တန်းအတွက် သင်ကြားမှုအထောက်အကူပစ္စည်း ဗေဒါကုန်ကြမ်း အပင် (၅၀၀၀၀)အား ကာလပေါက်ဈေးဖြင့် ယ်ယူစုဆောင်းရန်။




