မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းဦးစီးသည့် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ စစ်ကိုင်းတောင်တွင် တည်ထားကိုးကွယ်သည့် ဆင်ဘိုးဘုရားပွဲသို့ တက်ရောက်ပြီး အလှူငွေ ကျပ် (၁၀)သိန်း လှူဒါန်းခြင်းနှင့် ညနေ (၆)နာရီတွင် အသင်းချုပ်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းအဖွဲ့ဝင်များနှင့် အသင်းဝင်ကိုယ်စားလှယ်များသည် ဆီမီးတစ်ထောင်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ပါသည်။





