ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတ၀ှမ်းနှင့် သစ်တောဦးစီးဌာနအပါအ၀င် ဌာနဆိုင်ရာများက ဖမ်းဆီးရမိသော သစ်များအား မြန်မာသစ်လုပ်ငန်းသို့ လွှဲပြောင်း၍ ဖြန့်ဖြူးရောင်းချလျှက်ရှိရာတွင် မြန်မာနိုင်ငံ၏ တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်ကို ခိုင်မာစေရန် ဖော်ဆောင်မည့်စီမံကိန်း၏ လုပ်ငန်းစဉ်အရ ဖမ်းဆီးရမိသစ်များအား တရားဝင်အဖြစ်သတ်မှတ်ရန် နိုင်ငံတကာကျင့်ထုံးများနှင့်အညီ ညီညွတ်ခြင်းမရှိပါသဖြင့် (၃၀-၁၁-၂၀၁၆) ရက်မှစ၍ ပြည်ပနိုင်ငံများသို့ တင်ပို့ခွင့်မပြုတော့ကြောင်းနှင့် ပြည်တွင်းသုံးအဖြစ်သာ ရောင်းချရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ညွှန်ကြားထားရှိသည်ဟု သတင်းရရှိပါသည်။





