Meeting on Stop Exporting Confiscated Illegal Timber

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် သစ်တောထွက်ပစ္စည်းပို့ကုန်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ (၃-၁၂-၂၀၁၆)ရက်နေ့ နေ့လည် (၂)နာရီတွင် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။ အဆိုပါညှိနှိုင်းအစည်းအဝေးတွင် သစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိသစ်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မာ့သစ်လုပ်ငန်းသို့ လွှဲပြောင်းပေးလျှက်ရှိရာ လွှဲပြောင်းလက်ခံရရှိသောဖမ်းဆီးရမိသစ်များအား ပြန်လည်ဖြန့်ဖြူးရောင်းချရာတွင် မြန်မာ့နိုင်ငံ၏ တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်ကို ခိုင်မာစေရန် ဖော်ဆောင်မည့်စီမံကိန်းလုပ်ငန်းစဉ်အရ ဖမ်းဆီးရမိသစ်များအား တရားဝင်အဖြစ် သတ်မှတ်ရန် နိုင်ငံတကာကျင့်ထုံးများနှင့်ညီညွတ်ခြင်းမရှိ၍ ၂၀၁၆ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့မှစ၍ ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်းမှ ရပ်ဆိုင်းကြောင်းနှင့် ပြည်တွင်းသုံးအဖြစ် အသုံးပြုသွားရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ ပို့ကုန်လုပ်ငန်းရှင်များက ပြည်ပ၀ယ်ယူသူလုပ်ငန်းရှင်နှင့် ကန်ထရိုက်ပျက်သဖြင့် မျက်နှာပျက်ရခြင်း၊ ငွေကြေးအရ နစ်နာမှုဖြစ်ခြင်း စသည်တို့ကို တင်ပြဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ပပို့ကုန်လုပ်ငန်းရှင်များ၏ နစ်နာမှုကို အချက်အလက်ကောက်ခံရန်အတွက် အောက်ဖော်ပြပါအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိပါသည်။

(က) ဦးစိုးဝင်း            – အထွေထွေအတွင်းရေးမှူး
(ခ)  ဦးသိန်းဝင်း         – နာယက
(ဂ)  ဦးသိန်းထိုက်ဦး   – တွဲဘက်အထွေထွေအတွင်းရေးမှူး (၂)
(ဃ) ဦးမျိုးမြင့်             – ဗဟိုအလုပ်အမှုဆောင်
(င) ဦးစောကျော်ကျော် – အလုပ်အမှုဆောင်

Comments are closed.