မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်သည် ဗေဒါကြာနှင့်ရာဘာ တန်ဖိုးမြှင့်ထုတ်ကုန် ဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ဗေဒါကြာနှင့် ရာဘာတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရေးကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၁)ကို သင်တန်းသား (၃၀)ဦးဖြင့် (၁၂-၁၂-၂၀၁၆)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား (၃၀)ဦးဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ ၄င်းသင်တန်းကို ရက်သတ္တပတ်(၃)ပတ်သင်ရိုးညွှန်းတန်းရေးဆွဲထားပြီး သင်တန်း (၃)ပတ်စဉ် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် အခြေခံသင်တန်းအတွက် ပြည်တွင်းနည်းပြများနှင့် သင်ကြားသင်ယူမှုအထောက်အကူပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိပါသည်။ ဗေဒါကြာနှင့် ရာဘာတန်ဖိုးမြှင့်ထုတ်ကုန်ဖွံ့ဖြိုးရေးကော်မတီအနေဖြင့် အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ သွားရောက်၍ ဈေးကွက်နှင့် နည်းပညာရှာဖွေရေးနှင့် ပြည်ပပညာရှင်များဖိတ်ခေါ်၍ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် သင်တန်းများ ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။





