မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ် ဗေဒါအချောထည်တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရေးကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ် (၁)အား (၁၂-၁၂-၂၀၁၆) ရက်နေ့တွင် သင်တန်သား (၃၀)ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းနည်းပြဖြင့် အခြေခံသင်တန်းအား စတင်ဖွင့်လှစ်သင်ကြားပို့ချလျှက်ရှိပါသည်။
သင်တန်းကို ရက်သတ္တပတ်(၃)ပတ်ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ပထမပတ်သင်သန်းစာအဖြစ် ဗေဒါအေ
ချာထည်ထုတ်လုပ်ရန် အခြေခံအကျဆုံးအချက်များဖြစ်သော ကုန်ကြမ်းဗေဒါအမျိုးအစားနှင့် အနုအရင့် ရွေးချယ်စုဆောင်းဆွတ်ခူးခြင်း၊ ကုန်ကြမ်းဗေဒါပင်အား အရောင်ကောင်းမွန်အောင်အတွက် ဂရုပြုအခြောက်ခံခြင်း၊ ကုန်ချောထုတ်လုပ်ရာတွင် ထုတ်လုပ်မည့်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ဗေဒါအကြီးအသေးကို မှန်ကန်စွာရွေးချယ်ခွဲခြားခြင်း၊ ဗေဒါကုန်ကြမ်းအရွယ်အစားညီညာစွာဖြတ်တောက်ခြင်း၊ ဒုတိယအဆင့်ဗေဒါကုန်ချောအတွက် အရွယ်အစားအလိုက် ဖွတ်မီးကျစ်ခြင်းတို့အား စနစ်တကျလေ့ကျင့်သင်းပေးလျှက်ရှိပါသည်။ အသင်းချုပ်မှ သင်တန်းသားသင်တန်းသူများအား စားသောက်စရိတ်ငြိမ်းနေ့တွက်စားရိတ်ထုတ်ပေးပြီး သင်တန်းဖွင့်လှစ်ပေးလျှက်ရှိကြောင်းသတင်းရရှိပါသည်။





