ဗေဒါတန်ဖိုးမြှင့်အချောထည်ထုတ်ကုန် ထုတ်လုပ်ရေးကျွမ်းကျင်မှုအခြေခံသင်တန်းသားထုတ်လုပ်ထားရှိသော ပရိဘောဂနှင့်လူသုံးကုန်ပစ္စည်းများအား သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးလျှက်ရှိ

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ် ဖွင့်လှစ်လျှက်ရှိသော ဗေဒါတန်ဖိုးမြှင့်အချောထည်ထုတ်ကုန်ထုတ်လုပ်ရေးကျွမ်းမှုအခြေခံသင်တန်းအမှတ်စဉ် (၁)အား ဒီဇင်ဘာလ (၃၁)ရက်တွင် အောင်မြင်စွာဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါသည်။

အဆိုပါသင်တန်းများအား စဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ရာ သင်တန်းသားများ ထုတ်လုပ်ထားသော အောက်ဖော်ပြပါလူသုံးကုန် ပရိဘောဂပစ္စည်းများအား သင့်တင့်သောနှုန်းထားများဖြင့် သစ်အခြေခံစက်မှုဖွံ့ဖြိုးရေးကျောင်း အမှတ်  ၆၇၄၊ ပင်လုံလမ်းမကြိမ်း၊ ၃၆ ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ၀ယ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။

စဉ် အကြောင်းအရာ ရေတွက်ပုံ နှုန်း
၁ မိသားစုဆက်တီ (ကူရှင်နောက်မှီပါ) ၁ စုံ 1200000
၂ တစ်ယောက်ထိုင်ဆက်တီ(ကူရှင်နောက်မှီပါ) ၁ စုံ 300000
၃ လိုက်ကာ ၁ စုံ 200000
၎ ထမင်းစားကုလားထိုင် ၁ လုံး 60000
၅ နံနက်စာဗန်း ၁ လုံး 25000
၆ မှန်တင်ခုံထိုင်ခုံ ၁ လုံး 15000
၇ တယ်လီဖုန်းစင် ၁ လုံး 15000
၈ တစ်ရှူးဘောက် ၁ လုံး 50000
၉ အမှိုက်ခြင်း ၁ လုံး 8000
၁၀ ပစ္စည်းစုံထည့် စားပွဲတင်ခြင်း ၁ လုံး 2000

Comments are closed.