ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းအမှုဆောင်အဖွဲ့နှင့် တွေ့ဆုံခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းအမှုဆောင်အဖွဲ့သည် ၂၈-၁၂-၂၀၁၇ ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာန သစ္စာလမ်း ၊ ရန်ကင်းမြို့နယ်သို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့အနေဖြင့် လက်ရှိအမှုဆောင်အဖွဲ့အပေါ် အသင်းဝင်အချို့အမည်ခံ၍ တိုင်ကြားမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ တိုင်ကြားရသည့်အကြောင်းရင်းများကို သုံးသပ်တင်ပြခြင်း၊ အသစ်ပြဋ္ဌာန်းခဲ့သည့် ကုမ္ပဏီများဥပဒေအရ အသင်းအဖွဲ့များအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား လမ်းညွှန်မှုခံယူခြင်းနှင့် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း အနေဖြင့်မကြာမီ ကျင်းပပြုလုပ်မည့် ရွေးချယ်တင်မြှောက်ပွဲတွင် အရွေးချယ်ခံ အလုပ်အမှုဆောင်အဖွဲ့အသစ်အား တာဝန်လွှဲပြောင်းလက်ခံရေးအတွက် လုပ်ထုံးလုပ်နည်းများအား လမ်းညွှန်မှုခံယူခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Comments are closed.