မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းသည် AFIC အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၂-၁၁-၂၀၁၆ ရက်နေ့မှစတင်တာဝန်ထမ်းဆောင်လျှက်ရှိသည်။ မြန်မာပရိဘောဂကဏ္ဍ ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်း၊ AFIC အလှည့်ကျဥက္ကဋ္ဌ ဦးအေးလွင်၊ အတွင်းရေးမှူး ဦးစိုးဝင်းတို့ဦးဆောင်ပြီး အဖွဲ့ဝင်စုစုပေါင်း (၁၀)ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် AFIC အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်၊ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံ ပရိဘောဂကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများအား လေ့လာရန် (၆-၃-၂၀၁၈)ရက်နေ့ နံနက် (၉း၅၀)နာရီအချိန် လေကြောင်းခရီးဖြင့်ရန်ကုန်မြို့မှ ထွက်ခွာသွားကြောင်းသတင်းရရှိသည်။





