FLEGT-VPA Grants အဆိုပြုလွှာအပြီးသတ်ရေးသားနိုင်ရေး မွမ်းမံသင်တန်းအား ( 19-5-2018 )မှ ( 20-5-2018) နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့မှ တိုင်းပြည်နယ်တစ်ခုလျှင် သင်တန်းသား (၂)ဦးကျစီ တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါ သစ်တောဥပဒေစိုးမိုးမှု ၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်ရေး (Forest Law & Enforcement Governance & Trade-VPA Project) ကို မြန်မာနိုင်ငံ၏ ပုဂ္ဂိလိက ကဏ္ဍဖြစ်သော မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းနှင့် ဥပရောသမ္မဂတို့ ပူးပေါင်းအကောင်အထည်ဖော်မည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။




