မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်း သင်တန်းကျောင်းရေးရာဆပ်ကော်မတီအစည်းအဝေးကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိခြင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လမ်းညွှန်ချက်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့၏ ညွှန်ကြားချက်နှင့်အညီ ဗေဒါအချောထည်တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရေးကျွမ်းကျင်မှုအခြေခံသင်တန်းအား သစ်အခြေခံစက်မှုနည်းပညာသင်တနး်ကျောင်းတွင် ဆက်လက်ဖွင့်လှစ်သွားနိုင်ရေးအတွက်  မြန်မာနို်င်ငံသစ်တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်း သင်တနး်ကျောင်းရေးရာဆပ်ကော်မတီင်္အား ပြန်လည်ဖွဲ့စည်းပြီး သင်တန်းများဆက်လက်ဖွင့်လှစ်သွားနိုင်ရေးဆောင်ရွက်သွားရန် သင်တန်းကျောင်းရေးရာဆပ်ကော်မတီအစည်းအဝေးအား အမှတ်(၆၇၄)၊ ပင်လုံလမ်းမကြီး၊ (၃၆)ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ သစ်အခြေခံစက်မှုနည်းပညာသင်တန်းကျောင်းတွင် (၂၆-၆-၂၀၁၉)ဗုဒ္ဓဟူးနေ့ နံနက်(၀၉းဝဝ)နာရီအချိန်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိခဲ့ပါသည်။

Comments are closed.