Category Archives: News

အသင်းဝင်အဖြစ်လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ ထုတ်ပြန်ကြေညာခြင်း

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်းအား ပြည်ထောင်စုနယ်မြေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးများတွင်ပါ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်လျှက်ရှိရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ လုပ်ငန်းရှင်များအနေဖြင့် တစ်သီးပုဂ္ဂလအသင်းဝင်နှင့် ကုမ္ပဏီအသင်းဝင်အဖြစ် အသင်းဝင်ရောက်လိုပါက အသင်းဝင်အဖြစ် လျှောက်ထားရန် လိုအပ်သည့်အချက်အလက်များကို လေ့လာနိုင်ပါရန် အချက်အလက်များအား ထုတ်ပြန်ထားရှိကြောင်း သတင်းရရှိသည်။ (more…)...
Read more

The Regional Workshop on Developing Voluntary Code of Conduct on Imports for Forest & Timber Companies in ASEAN

အာဆီသစ်တောထွက်ပစ္စည်း စက်မှုလုပ်ငန်းအသင်း ASEAN Forest Products Industry Council (AFPIC)က ဦးစီး၍ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၁၈ခုနှစ်၊  အောက်တိုဘာလ ၃၀-၃၁ ရက်နေ့ထိ ကျင်းပပြုလုပ်မည့် The Regional Workshop on Developing Voluntary Code of Conduct on Imports for Forest & Timber Companies in ASEAN သို့ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်း တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။...
Read more

AFIC အလှည့်ကျဥက္ကဋ္ဌတာဝန်များ မကြာမီ မြန်မာနိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးမည်

ASEAN Furniture Industries Council (AFIC)အဖွဲ့သည် အာဆီယံနိုင်ငံများမှ (၈)နိုင်ငံအဖွဲ့ဝင်အဖြစ်ပါ၀င်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ ၄င်းအဖွဲ့တွင် မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်းသည် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ်ပါ၀င်ဆောင်ရွက်လျှက်ရှိပါသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၂-နှစ်တစ်ကြိမ် (AFIC) အလှည့်ကျ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် (၂-၁၁-၂၀၁၆)ရက်နေ့တွင် ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်တွင် AFIC အလှည့်ကျဥက္ကဋ္ဌတာဝန်အား မလေးရှားနိုင်ငံမှ လွှဲပြောင်းလက်ခံခဲ့ပြီး (၂)နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပါသည်။ တရုတ်နိုင်ငံ Guangdong မြို့တွင် (၆-၁၁-၂၀၁၈)ရက်နေ့မှ (၁၂-၁၁-၂၀၁၈)ရက်နေ့ထိ ကျငး်ပပြုလုပ်မည့် International Machinery & Material Fair ပြပွဲတွင် AFIC အလှည့်ကျဥက္ကဋ္ဌတာဝန်များအား မြန်မာနိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါအခမ်းအနားသို့ AFIC အလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးအေးလွင်၊ အတွင်းရေးမှူးတာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့်...
Read more

မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း အသင်းသားစုံညီအထူးအစည်းအဝေး (Extraordinary General Meeting)

မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း အသင်းသားစုံညီအထူးအစည်းအဝေး  (Extraordinary General Meeting) အား  အထူးကုန်စည်ခွန်ဥပဒေနှင့်ပတ်သက်သည့် အခြေအနေရှင်းလင်းတင်ပြခြင်း၊ ၂၀၁၇ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအဖြစ် ရေးဆွဲပြန်လည် မှတ်ပုံတင်ရေး၊ အသင်း၏ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့် အသင်းသားရေးရာကိစ္စများ အသင်းသားများသို့ တင်ပြအတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ရန်အတွက် အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်၍ အသင်းဝင်များ (မပျက်မကွက်) တက်ရောက်နိုင်ပါရန် ဖိတ်ကြားထားကြောင်းသတင်းရရှိပါသည်။ ကျင်းပမည့်နေ့ရက်    = ၁၇-၈-၂၀၁၈ (သောကြာနေ့) ကျင်းပမည့်အချိန်     = နံနက် (၁၀းဝဝ)နာရီ ကျင်းပမည့်နေရာ     = PANDA Hotel၊ အမှတ်(၂၀၅)၊ ၀ါးတန်းလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။ အလုပ်အမှုဆောင်အဖွဲ့ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း...
Read more

2018 G-Fair Korea ပြပွဲ

Korea International Exhibition Center (KINTEX)တွင် (၂၄-၁၀-၂၀၁၈) မှ (၂၇-၁၀-၂၀၁၈)ရက်ထိ ကျင်းပပြုလုပ်မည့် 2018 G-Fair Korea ပြပွဲသို့ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ် (၁)ဦးစေလွှတ်တက်ရောက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါပြပွဲသို့ တက်ရောက်လိုသူအသင်းဝင်များအနေဖြင့် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းရုံးသို့ ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း သတင်းရရှိသည်။...
Read more

15th CAExpo ပြပွဲတွင် MOU ရေးထိုးသွားမည်

တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် (၁၂-၉-၂၀၁၈) ရက်နေ့မှ (၁၅-၉-၂၀၁၈)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် တရုတ်အာဆီယံ 15th CAExpo ပြပွဲတွင် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းအနေဖြင့် Supporting Chamber အဖြစ် နာလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ MOU ရေးထိုးပွဲသို့ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်စေလွှတ်သွားမည်ဖြစ်ပါသည်။ အဆိုပါပြပွဲသို့ တက်ရောက်လိုသူအသင်းဝင်များအနေဖြင့် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းရုံးသို့ ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း သတင်းရရှိသည်။...
Read more

Programme for 6th Sub-Regional Training Workshop on Timber Legality Assurance System အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၃-၇-၂၀၁၈ ရက်မှ ၅-၇-၂၀၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သော Programme for 6th Sub-Regional Training Workshop on Timber Legality Assurance System  အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။...
Read more

(FLEGT-VPA) နှင့် (Interim Task Force) အစည်းအဝေးများ တက်ရောက်ခြင်း

၃၀-၆-၂၀၁၈ ရက်နှင့် ၁-၇-၂၀၁၈ရကေ်န့  နေပြည်တော်တွင် ကျင်းပပြုလုပ်သော သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်ရေး  Forest Law  Enforcement, Governance and Trade (FLEGT-VPA) ညှိနှိုင်းအစည်းအဝေးနှင့်  ကြားဖြတ်လုပ်ငန်းအဖွဲ့ (Interim Task Force) အစည်းအဝေးသို့ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဒေါက်တာစိန်ဝင်းတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။...
Read more

အခွန်မူကြမ်းနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံ

မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌဦးသိန်းဝင်း၊ ဦးသိန်းချီ၊ ဦးကျော်သက်လွင်နှင့် အကြံပေး ဦးမျိုးမင်းတို့သည် ပြည်တွင်းအခွန်များဦးစီးဌာန နေပြည်တော်ရုံးတွင် အခွန်မူကြမ်းနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။...
Read more

မြန်မာနိုင်ငံ EITI သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့

မြန်မာနိုင်ငံ EITI ၏ ဒုတိယနှင့်တတိယအကြိမ် ၂၀၁၄-၁၅ နှစ် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အစီရင်ခံစာများအား သတင်းမီဒီယာများသို့ ရှင်းလင်းတင်ပြခြင်းအခမ်းအနားအား ၂၀၁၈ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ကျင်းပသည့်ပွဲသို့  ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းတက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။...
Read more