Category Archives: News

National Export Strategy (NES) ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေး

၂၆-၆-၂၀၁၈ နံနက် ၉း၀၀ နာရီတွင်  ဒုတိယဥက္ကဋ္ဌ ဦးစိုးဝင်း ၊ အလုပ်အမှုဆောင် ဦးစိုးမော်တို့သည် အမှတ် ၂၉၊ မင်းရဲကျော်စွာလမ်း၊ ၇လွှာ၊ UMFCCI Tower ရှိ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း အစည်းအဝေးခန်းမတွင် International Trade Centre မှ Councilor  Charies Roberge နှင့်အဖွဲ့သည် National Export Strategy (NES) ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။...
Read more

FLEGT-VPA Grants အဆိုပြုလွှာအပြီးသတ်ရေးသားနိုင်ရေး မွမ်းမံသင်တန်းဖွင့်လှစ်သွားမည်ဖြစ်

FLEGT-VPA Grants အဆိုပြုလွှာအပြီးသတ်ရေးသားနိုင်ရေး  မွမ်းမံသင်တန်းအား ( 19-5-2018 )မှ ( 20-5-2018) နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့မှ တိုင်းပြည်နယ်တစ်ခုလျှင် သင်တန်းသား (၂)ဦးကျစီ တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ သစ်တောဥပဒေစိုးမိုးမှု ၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်ရေး (Forest Law & Enforcement Governance & Trade-VPA Project) ကို မြန်မာနိုင်ငံ၏ ပုဂ္ဂိလိက ကဏ္ဍဖြစ်သော မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းနှင့် ဥပရောသမ္မဂတို့ ပူးပေါင်းအကောင်အထည်ဖော်မည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။...
Read more

(၄/၂၀၁၈-၂၀၂၀) လစဉ်အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး

မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း လစဉ်အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၈-၂၀၂၀)ကို ၂၁-၅-၂၀၁၈ ရက်နေ့ (တနင်္လလာနေ့) နေ့လယ် (၁း၀၀)နာရီတွင် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။...
Read more

62nd Annual IWPA World of Wood Convention ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း

အမေရိကန်နိုင်ငံ New Orleans, Louisiana မြို့တွင် ကျင်းပပြုလုပ်သော 62nd Annual IWPA World of Wood Convention 14-16 March 2018 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းက အလုပ်အမှုဆောင်များဖြစ်ကြသော ဦးသိန်းချီ၊ ဦးမျိုးမင်း၊ ဦးစောကျော်ကျော်၊ ဦးညွန့်ဆန်း၊ ဦးအေးမင်းကျော်တို့သည် ၁၂-၃-၂၀၁၈ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြောင်းသတင်းရရှိသည်။...
Read more

MFPE-2018

သစ်တောထွက်ပစ္စည်းကဏ္ဍအသီးသီးမှ ထုတ်ကုန်များ မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပမည့်  မြန်မာ့သစ်တောထွက်ပစ္စည်းပြပွဲ ၂၀၁၈ MYANMAR FOREST PRODUCTS  EXHIBITION-2018(MFPE-2018) ကို  ၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်မှ ၂၄ ရက်ထိ (၃)ရက်တိုင်တိုင် ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ တပ်မတော်ခန်းမတွင် စည်ကားကျင်းပမည်ဖြစ်ကြောင်းနှင့် မည်သူမဆိုလာရောက်လေ့လာဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။...
Read more

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်သော Exports Furniture Exhibition (EFE)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မြန်မာ့ပရိဘောဂကဏ္ဍပို့ကုန်မြှင့်တင်ရန် AFIC အဖွဲ့ဝင်နိုင်ငံ(၃)နိုင်ငံသို့လေ့လာရေးခရီးသွား ရောက်လျှက်ရှိသော မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်း၊ AFIC  အလှည့်ကျ ဥက္ကဋ္ဌ ဦးအေးလွင်၊ အတွင်းရေးမှူး ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် (၉-၃-၂၀၁၈) ရက်နေ့နံနက်ပိုင်းတွင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်သော Exports Furniture Exhibition (EFE)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ပရိဘောဂစက်ရုံများသို့ သွားရောက်လေ့လာခဲ့ကြောင်းသတင်းရရှိသည်။ 30...
Read more

Thai International Fair(TIF) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

မြန်မာ့ပရိဘောဂကဏ္ဍပို့ကုန်မြှင့်တင်ရန် AFIC အဖွဲ့ဝင်နိုင်ငံ(၃)နိုင်ငံသို့လေ့လာရေးခရီးသွား ရောက်လျှက်ရှိသော မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်း၊ AFIC  အလှည့်ကျ ဥက္ကဋ္ဌ ဦးအေးလွင်၊ အတွင်းရေးမှူး ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် (၇-၃-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ကျင်းပပြုလုပ်သောThai International Fair ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။...
Read more

ASEAN Furniture International Council (AFIC) အဖွဲ့ဝင်နိုင်ငံများသို့ သွားရောက်ခြင်း

မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းသည် AFIC အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၂-၁၁-၂၀၁၆ ရက်နေ့မှစတင်တာဝန်ထမ်းဆောင်လျှက်ရှိသည်။ မြန်မာပရိဘောဂကဏ္ဍ ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်း၊ AFIC အလှည့်ကျဥက္ကဋ္ဌ ဦးအေးလွင်၊ အတွင်းရေးမှူး ဦးစိုးဝင်းတို့ဦးဆောင်ပြီး အဖွဲ့ဝင်စုစုပေါင်း (၁၀)ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် AFIC အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်၊ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံ ပရိဘောဂကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများအား လေ့လာရန် (၆-၃-၂၀၁၈)ရက်နေ့ နံနက် (၉း၅၀)နာရီအချိန် လေကြောင်းခရီးဖြင့်ရန်ကုန်မြို့မှ ထွက်ခွာသွားကြောင်းသတင်းရရှိသည်။...
Read more