Category Archives: News & Info

Myanmar International Furniture Expo – 2017

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်၏  ညီနောင်အသင်းများဖြစ်ကြသော မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များ အသင်းနှင့် သစ်အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်းတို့သည် နှစ်စဉ် တစ်နှစ်လျှင် နှစ်ကြိမ် Myanmar International Furniture Expo  ပရိဘောဂပြပွဲကို စီစဉ်၊ ကျင်းပ ပြုလုပ်လျှက်ရှိပါသည်။ Myanmar International Furniture Expo – 2017 ( February) ပရိဘောဂပြပွဲကို ယခု လာမည့် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ တပ်မတော်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။...
Read more

Myanmar Forest Products Fair 2017

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သစ်တောဦးစီးဌာန၊  မြန်မာ့သစ်လုပ်ငန်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် သစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များပူးပေါင်း၍ မြန်မာသစ်တောထွက်ပစ္စည်းပြပွဲ Myanmar Forest Products Fair 2017 အား တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။...
Read more

Meeting with Vice President (1)

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းသည် ၁-၁၂-၂၀၁၆ (ကြာသပတေး)နေ့တွင် UMFCCI မင်္ဂလာခန်းမ နံနက် (၉း၀၀)နာရီတွင် ဒုတိယသမ္မတ(၁)နှင့် တွေ့ဆုံ၍ ကဏ္ဍအလိုက်တွေ့ဆုံရှင်းလင်းတင်ပြပွဲသို့ တက်ရောက်ခဲ့ပါသည်။...
Read more

20th Annual General Meeting of MFPMF

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ် အကြိမ် (၂၀)မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ၂၀၁၇ခုနှစ် ဇန္န၀ါရီလ (၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါအသင်းသားစုံညီအစည်းအဝေးတွင် လက်ရှိအမှုဆောင်အဖွဲ့တွင် လစ်လပ်လျှက်ရှိသော အလုပ်အမှုဆောင်အဖွဲ့ဝင်နေရာများအား ကြားဖြတ်ရွေးချယ်တင်မြောက်ပွဲကျင်းပပြုလုပ်၍ အစားထိုးခန့်အပ်သွားမည်ဖြစ်ကြောင်းနှင့် အလုပ်အမှုဆောင် အဖြစ် ပါဝင်ဆောင်ရွက်ရန် အဆိုပြုလွှာနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်/ဆန္ဒမဲပေးရမည့် မဲဆန္ဒရှင်များ၏ အရည်အချင်းသတ်မှတ်ချက်များကို ထုတ်ပြန်ကြေငြာထားကြောင်း  သတင်းရရှိသည်။ Download...
Read more

6th Tender from MFPMF

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်မှ စက်မှုကုန်ကြမ်း အင်/ကညင် သစ် တန် (၁၀၀၀)အား ဈေးပြိုင်အလှူငွေထည့်ဝင်သည့်စနစ်ဖြင့် ဆောင်ရွက်မည့် (၆)ကြိမ်မြောက် သစ်လေလံပွဲအား (၁-၁၂-၂၀၁၆)ရက်နေ့ နေ့လည် (၁)နာရီတွင် MFPMF အသင်းချုပ်ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။...
Read more

Invitation for manuscript and issuing Timber Digest (စာစောင်ထုတ်ဝေခြင်းနှင့် စာမူများပေးပို့နိုင်ရန် ဖိတ်ခေါ်ခြင်း)

၁။       မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ် လစဉ် (Timber Digest) စာစောင်အား ၂၀၁၆-ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ ထုတ်ဝေသွားမည်ဖြစ်ပါသဖြင့် လူကြီးမင်းတို့မှ သစ်တောသယံဇာတကဏ္ဍနှင့် ပတ်သက်သော သုတ၊ ရသ၊ စာမူများပေးပို့နိုင်ကြောင်းနှင့် ရွေးချယ်ခံရသော စာမူများအား စာမူခ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။ ၂။       ၄င်းအပြင် စီးပွားရေးလုပ်ငန်းနှင့် ကြော်ငြာများ ဖော်ပြလိုပါကလည်း အောက်ဖော်ပြပါနှုန်းထားများအတိုင်း ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
(က)    ရှေ့ဖုံးအတွင်း၊ နောက်ကျော်ဖုံးအပြင် (၁၂x၁၈)လက်မ = ၃၀၀၀၀၀ ကျပ် (ခ)     နောက်ကျောဖုံးအတွင်း (၁၂ x ၁၈)လက်မ                   = ၂၅၀၀၀၀ ကျပ် (ဂ)     အလယ်စာမျက်နှာအတွင်း (၁၂ x ၁၈) လက်မ            = ၂၀၀၀၀၀ ကျပ်
၃။       စာမူများနှင့် ကြော်ငြာများပေးပို့လိုပါက အောက်ဖော်ပြပါ လိပ်စာအားလိပ်မူ၍ ဆက်သွယ်ပေးပို့နိုင်ပါကြောင်း...
Read more

Lotus , Water Hyacinth & Rubber Project Meeting

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်း ဦးစီးသည့် အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူလုပ်ငန်းရှင်များသည် ဗေဒါ၊ ကြာ၊ ရာဘာရေးရာစီမံကိန်းအကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးအား ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် MFPMF အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ အဆိုပါညှိနှိုင်းအစည်းအဝေးတွင် အောက်ဖော်ပြပါဆုံးဖြတ်ချက် (၆) ရပ်သဘောတူဆုံးဖြတ်ခဲ့ကြောင်းနှင့် အခြေခံဗေဒါကုန်ကြမ်းစုဆောင်းခြင်းနှင့် အခြောက်ခံခြင်း သင်တန်းအား (၁၁-၁၂-၂၀၁၆)ရက်နေ့မှ (၂၉-၁၂-၂၀၁၆) ရက်နေ့အထိ မြောက်ဒဂုံသစ်အခြေခံစက်မှုဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည် - (က) ဗေဒါကြာရာဘာကဏ္ဍဖွံ့ဖြိုးရေးကော်မတီအား အောက်ပါအတိုင်းဖွဲ့စည်းခဲ့ပါသည် -
၁။ ဒေါက်တာစိန်ဝင်း = အဖွဲ့ခေါင်းဆောင်
၂။ ဦးကျော်သူ = အဖွဲ့အတွင်းရေးမှူး
၃။ ဦးသိန်းဝင်း = အဖွဲ့ဝင်
၎။ ဦးတင်ဦး = အဖွဲ့ဝင်
၅။ ဦးသိန်းထိုက်ဦး = အဖွဲ့ဝင်
၆။ ဦးစိုးဝင်း...
Read more

Sin Boe Pagoda Donation

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းဦးစီးသည့် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ စစ်ကိုင်းတောင်တွင် တည်ထားကိုးကွယ်သည့် ဆင်ဘိုးဘုရားပွဲသို့ တက်ရောက်ပြီး အလှူငွေ ကျပ် (၁၀)သိန်း လှူဒါန်းခြင်းနှင့် ညနေ (၆)နာရီတွင် အသင်းချုပ်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းအဖွဲ့ဝင်များနှင့် အသင်းဝင်ကိုယ်စားလှယ်များသည် ဆီမီးတစ်ထောင်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ပါသည်။...
Read more

Forest Training School Donation

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်း ဦးစီး အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ၂၀၁၆ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် (၉း၃၀)အချိန် ကျင်းပသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြင်ဦးလွင် သစ်တောကျောင်းဆင်းပွဲသို့ တက်ရောက်ပြီး မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကျောင်းဆင်းပွဲအတွက် လှူဒါန်းငွေ ကျပ်သိန်း (၁၀၀)ကို လှူဒါန်းခဲ့ပါသည်။...
Read more

33rd AFIC Working Committee Meeting and Conference

Myanmr Forest Products Merchants Federation(MFPMF) accepted the responsibility of the ASEAN Furniture Industries Council  Chairmanship for the year 2017-2018 right after the 33rd AFIC working committee meeting and conference at (16:30)pm, which had been held on 3rd November 2016, Inya Lake Hotel, Yangon....
Read more