Blog

ရှမ်းပြည်နယ်အစိုးရက ဦးစီးကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန်ထွက်ခွာခြင်း

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဦးစီးကျင်းပပြုလုပ်သည့် လူမှုစီးပွားတိုးတက်ဖွံ့ဖြိုးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်က နာယက ဦးသိန်းဝင်းနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး (၃)ဦးကျော်သူတို့ နှစ်ဦးသည် (၇-၁၂-၂၀၁၆)ရက်နေ့တွင် ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။...
Read more

ဗေဒါအချောထည်တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရေးကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ်(၁) စတင်ဖွင့်လှစ်မည်

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်သည် ဗေဒါကြာနှင့်ရာဘာ တန်ဖိုးမြှင့်ထုတ်ကုန် ဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ဗေဒါကြာနှင့် ရာဘာတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရေးကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၁)ကို သင်တန်းသား (၃၀)ဦးဖြင့် (၁၂-၁၂-၂၀၁၆)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား (၃၀)ဦးဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ ၄င်းသင်တန်းကို ရက်သတ္တပတ်(၃)ပတ်သင်ရိုးညွှန်းတန်းရေးဆွဲထားပြီး သင်တန်း (၃)ပတ်စဉ် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် အခြေခံသင်တန်းအတွက် ပြည်တွင်းနည်းပြများနှင့် သင်ကြားသင်ယူမှုအထောက်အကူပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိပါသည်။ ဗေဒါကြာနှင့် ရာဘာတန်ဖိုးမြှင့်ထုတ်ကုန်ဖွံ့ဖြိုးရေးကော်မတီအနေဖြင့် အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ သွားရောက်၍ ဈေးကွက်နှင့် နည်းပညာရှာဖွေရေးနှင့် ပြည်ပပညာရှင်များဖိတ်ခေါ်၍ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် သင်တန်းများ ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။...
Read more

Joint General Secretary (2) & Central Executive Committee Attended to Workshop on Timber Legality Assurance

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကတာမြို့တွင် (၆-၁၂-၂၀၁၆) ရက်နေ့မှ (၈-၁၂-၂၀၁၆) ရက်နေ့ထိ ကျင်းပပြုလုပ်သည့် 5th Sub-Regional Training Workshop on Timber Legality Assurance သို့ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်က တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဦးသိန်းထိုက်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးနေလင်းအောင်တို့ (၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။...
Read more

Vice President (1) & Member Attended to CAEXPO 2016

တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် (၂-၁၂-၂၀၁၆)ရက်နေ့မှ (၅-၁၂-၂၀၁၆) ရက်နေ့ထိ ကျင်းပပြုလုပ်သော China Asean Expo (CAEXPO)2016 သို့ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ(၁) ဦးတင်ဦး၊ တွဲဖက်အကျိုးဆောင်ဘဏ္ဍာရေးမှူး ဦးဘလှိုင်နှင့် အရန်အလုပ်အမှုဆောင် ဦးဥာဏ်ဝင်းတို့ (၃)ဦး တက်ရောက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။...
Read more

Meeting on Stop Exporting Confiscated Illegal Timber

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် သစ်တောထွက်ပစ္စည်းပို့ကုန်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ (၃-၁၂-၂၀၁၆)ရက်နေ့ နေ့လည် (၂)နာရီတွင် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။ အဆိုပါညှိနှိုင်းအစည်းအဝေးတွင် သစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိသစ်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မာ့သစ်လုပ်ငန်းသို့ လွှဲပြောင်းပေးလျှက်ရှိရာ လွှဲပြောင်းလက်ခံရရှိသောဖမ်းဆီးရမိသစ်များအား ပြန်လည်ဖြန့်ဖြူးရောင်းချရာတွင် မြန်မာ့နိုင်ငံ၏ တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်ကို ခိုင်မာစေရန် ဖော်ဆောင်မည့်စီမံကိန်းလုပ်ငန်းစဉ်အရ ဖမ်းဆီးရမိသစ်များအား တရားဝင်အဖြစ် သတ်မှတ်ရန် နိုင်ငံတကာကျင့်ထုံးများနှင့်ညီညွတ်ခြင်းမရှိ၍ ၂၀၁၆ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့မှစ၍ ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်းမှ ရပ်ဆိုင်းကြောင်းနှင့် ပြည်တွင်းသုံးအဖြစ် အသုံးပြုသွားရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ ပို့ကုန်လုပ်ငန်းရှင်များက ပြည်ပ၀ယ်ယူသူလုပ်ငန်းရှင်နှင့် ကန်ထရိုက်ပျက်သဖြင့် မျက်နှာပျက်ရခြင်း၊ ငွေကြေးအရ နစ်နာမှုဖြစ်ခြင်း စသည်တို့ကို တင်ပြဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ပပို့ကုန်လုပ်ငန်းရှင်များ၏ နစ်နာမှုကို အချက်အလက်ကောက်ခံရန်အတွက် အောက်ဖော်ပြပါအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိပါသည်။
(က) ဦးစိုးဝင်း            - အထွေထွေအတွင်းရေးမှူး (ခ)  ဦးသိန်းဝင်း        ...
Read more

16/2016 EC Meeting (10-12-2016)

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်၏ (၁၆/၂၀၁၆) အလုပ်အမှုဆောင်အစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားပါမည်-
(က) ကျင်းပမည့်နေ့ရက်   =   ၁၀-၁၂-၂၀၁၆ (ခ) ကျင်းပမည့်အချိန်     =    နံနက် (၉း၃၀)နာရီ (ဂ) ကျင်းပမည့်နေရာ    =    မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်အစည်းအဝေးခန်းမ
...
Read more

Executive Committee’s Special Meeting


မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့(အထူး)အစည်းအဝေးအား အောက်ပါအတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါသည်-
(က)   နေ့ရက် = ၃-၁၂-၂၀၁၆(စနေ) (ခ)   ကျင်းပမည့်အချိန် = နေ့လည် (၂း၀၀)နာရီ (ဂ)   နေရာ = အသင်းချုပ်ရုံးအစည်းအဝေးခန်းမ
...
Read more

Timber Exporters and Importers Come to Meet with MFPMF EC for Green Folder Certificate

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်အနေဖြင့် အသင်းဝင်ကုမ္ပဏီများ၏ မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ တင်ပို့လျှက်ရှိသော သစ်တောထွက်ပစ္စည်း ကုန်ချောထုတ်လုပ်တင်ပို့မှုများ၏ သစ်လွှဲပြောင်းကွင်းဆက် (Chain of Custody-CoC) ထောက်ခံချက်များ စီစစ်ထောက်ခံပေးလျှက်ရှိပါသည်။ မြန်မာနိုင်ငံက ဥရောပဈေးကွက်သို့ တရားဝင်တင်ပို့ရောင်းချနေသော ပြည်ပသစ်ကုမ္ပဏီများအား ဆွီဒင်နိုင်ငံက တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်၏ သဘောထား သတင်းထုတ်ပြန်ချက်အား ၂၀၁၆ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က ပူးတွဲဖော်ပြပါအတိုင်း သတင်းထုတ်ပြန်ခဲ့ပါသည်။ ၁-၁၂-၂၀၁၆ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်အချို့နှင့် နိုင်ငံခြားသား သွင်းကုန်လုပ်ငန်းရှင်အချို့သည် မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို လာရောက်တွေ့ဆုံ၍ Green Folder ထောက်ခံချက်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးရာ အသင်းချုပ်အနေဖြင့် သစ်လွှဲပြောင်းကွင်းဆက် (Chain of Custody-CoC) ထောက်ခံချက်ထုတ်ပေးမှုအပေါ် သက်ဆိုင်ရာဌာနများသို့ တင်ပြပြီး ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။...
Read more

မြန်မာ့သစ်လုပ်ငန်းမှ ဖမ်းဆီးရမိသစ်များအား ပြည်ပနိုင်ငံများသို့ တင်ပို့ခွင့်မပြုတော့ကြောင်း သတင်းရရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတ၀ှမ်းနှင့် သစ်တောဦးစီးဌာနအပါအ၀င် ဌာနဆိုင်ရာများက ဖမ်းဆီးရမိသော သစ်များအား မြန်မာသစ်လုပ်ငန်းသို့ လွှဲပြောင်း၍ ဖြန့်ဖြူးရောင်းချလျှက်ရှိရာတွင် မြန်မာနိုင်ငံ၏ တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်ကို ခိုင်မာစေရန် ဖော်ဆောင်မည့်စီမံကိန်း၏ လုပ်ငန်းစဉ်အရ ဖမ်းဆီးရမိသစ်များအား တရားဝင်အဖြစ်သတ်မှတ်ရန် နိုင်ငံတကာကျင့်ထုံးများနှင့်အညီ ညီညွတ်ခြင်းမရှိပါသဖြင့် (၃၀-၁၁-၂၀၁၆) ရက်မှစ၍ ပြည်ပနိုင်ငံများသို့ တင်ပို့ခွင့်မပြုတော့ကြောင်းနှင့် ပြည်တွင်းသုံးအဖြစ်သာ ရောင်းချရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ညွှန်ကြားထားရှိသည်ဟု သတင်းရရှိပါသည်။...
Read more

Myanmar International Furniture Expo – 2017

မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်၏  ညီနောင်အသင်းများဖြစ်ကြသော မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များ အသင်းနှင့် သစ်အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်းတို့သည် နှစ်စဉ် တစ်နှစ်လျှင် နှစ်ကြိမ် Myanmar International Furniture Expo  ပရိဘောဂပြပွဲကို စီစဉ်၊ ကျင်းပ ပြုလုပ်လျှက်ရှိပါသည်။ Myanmar International Furniture Expo – 2017 ( February) ပရိဘောဂပြပွဲကို ယခု လာမည့် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ တပ်မတော်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။...
Read more